Wednesday, August 20, 2008

FAT 32 TO NTFS AND DEFRAGMENT

FAT 32 System မှ NTFS System သို့ ပြောင်းလဲခြင်း

FAT 32 ထက် NTFS System သည် Window XP စနစ်တွင် ပိုမိုတည်ငြိမ်မှုရှိပြီး လုပ်ဆောင်ချက်များလည်း
ပိုမိုကောင်းမွန်လာပါတယ်။ ဒါကြောင့် သင့်ရဲ့ Window System ဟာ FAT 32 System ဖြစ်နေခဲ့မယ်ဆိုရင် NTFS System ကို ပြောင်းလဲသုံးကြည့်ပါ။ ဗီဒီယိုတည်းဖြတ်တဲ့ လုပ်ငန်းစဉ် (use adobe premier) မှာဆိုရင်လည်း FAT 32 ဖြစ်နေခဲ့မယ်ဆိုရင် encode လုပ်လို့မရပါဘူး။ encode လုပ်လို့မရရင် ကိုယ်တည်းဖြတ်ထားတဲ့ဟာတွေအကုန်လုံးVCD (or) DVD အဖြစ်ထုတ်နိုင်တော့မှာ မဟုတ်ပါဘူး။ NTFS System ဟာ အားလုံးနဲ့ အဆင်ပြေပါတယ်။ ဒါကြောင့် Window XP မှာ NTFS System ကိုပဲ အသုံးပြုသင့်ပါတယ်။ FAT 32 လား NTFS လားဆိုတာကို ဒီလိုလေးကြည့်ကြည့်ပါ။ My Computer ကို Double Click ပေးပါ။ Local C: ကို Right Click နှိပ်ပါ။ ပေါ်လာသော စာသားများထဲမှ Properties ကိုရွေးပါ။
General Tab ခေါင်းစဉ်အောက်တွင် File System ကိုကြည့်ရှုနိုင်ပါတယ်။ ( မှတ်ချက် ။ ။ မိမိပြောင်းလဲချင်သော Harddisk မှ ဖိုင်များအားလုံးကို အခြား Harddisk ထဲသို့ ကူးထားပါ။ သို့မဟုတ် နှစ်သက်ရာ software ကို သုံးပြီး back up လုပ်ထားပါ )

Start / Run ( Win + R )
Run Box ပေါ်လာသောအခါ Run Box ထဲတွင် cmd လို့ရေးပြီး Enter ခေါက်ပါ။ အနက်ရောင်နှင့် ပြသထားသော Command Promp ပေါ်လာပါလိမ့်မယ်။ Command Promp ထဲမှာ C: ကို ပြနေရပါမယ်။ ပေါ်နေသော စာတမ်းအဆုံးတွင် cd\ ဟုရိုက်ပါ။ ( cd\ means change directory ) C:\> နောက်တွင် vol c: ဟုရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။ အောက်ပါစာတမ်းနှစ်ခု ပေါ်လာပါလိမ့်မယ်။
Volume in drive C has no label
Volume Serial number is 5462-FCBC
ဒီစာတမ်း(၂) ခုကို စာနဲ့ ရေးမှတ်ထားပါ။ ဆက်လက်ပြီး C:\> convert c:/fs:ntfs ဟုရိုက်ပါ။ မိမိရိုက်လိုက်သော စာလုံးများမှားနေလျှင် Invalid Parameter ဟု ပြနေပါလိမ့်မယ်။ ညွှန်ကြားချက်များအတိုင်း ဆက်လက်လုပ်ဆောင်ပါ။ Volume label နဲ့ Volume Serial number ကို တောင်းတဲ့အခါမှာ မိမိမှတ်သားထားသော စာရွက်ထဲမှ စာသားများအား ပြန်ရိုက်ထည့်ပေးပါ။ ပေါ်လာသော Y(Yes) or N (No) မေးခွန်းများအား Y ကိုသာရိုက်ပြီး Enter ခေါက်ပေးပါ။ ( မိမိပြောင်းလဲသော အပိုင်းသည် Window ပိုင်းဖြစ်ပါက ကွန်ပျူတာ Restart ပြန်ဖြစ်သွားပေလိမ့်မည် ) ပြောင်းလဲနေစဉ်တွင် အခြား Program, File များဖွင့်ခြင်းကို မပြုလုပ်သင့်ပါ။ NTFS System သို့ပြောင်းလဲပြီးပါကလည်း မိနစ်အနည်းငယ်ကြာ စက်ကို ပိတ်ထားရန်လိုအပ်ပါသည်။

Disk Defragment လုပ်ငန်းစဉ်အကြောင်း

ကျွန်တော်နားလည်သလောက် သိသလောက်လေးပေါ့ဗျာ။ Defragment ဆိုတာ ပြန့်ကျဲနေတဲ့ File တွေ Program တွေကို တစ်စုတစ်ဝေးဖြစ်အောင် လုပ်ဆောင်ပေးတာပါ။ File များကို Harddisk ထဲတွင် လျှပ်စစ်သံလိုက်နည်းနဲ့ စနစ်တကျ သိမ်းထားတာဆိုပေမဲ့ File များကို ဖျက်လိုက်၊ ပြန်သိမ်းလိုက် Program တွေကို ဖြုတ်လိုက်၊ ပြန်ဖျက်လိုက်နဲ့ဆိုတော့ ကြာလာတော့လည်း အဆင်မပြေနိုင်တော့ပါဘူး။ အဲဒီလိုလုပ်တာတွေများလာတဲ့အခါမှာ ဖိုင်တစ်ခုကို သိမ်းလိုက်တဲ့အခါ Harddisk ထဲမှာ နှစ်နေရာ၊ သုံးနေရာ ခွဲပြီးသိမ်းလာပါတယ်။ File တွေကို ပြန်ဖွင့်လိုက်တဲ့အခါမှာ နှစ်နေရာ သုံးနေရာမှာ လိုက်စုနေရတဲ့အတွက် စက်ဟာ သိသိသာသာကြီးကို လေးလာပါတော့တယ်။ အဲဒီလိုမျိုးတွေ မဖြစ်အောင်လို့ Defragment ကို မှန်မှန်လုပ်ပေးသင့်ပါတယ်။ Defragment ကို သုံးတော့မယ်ဆိုရင် ဖွင့်ထားတဲ့ File တွေ Program တွေ အကုန်လုံးကို ပိတ်ပစ်ဖို့လိုအပ်ပါတယ်။ Antivirus Software တွေကို Disable (or) Exit လုပ်ထားဖို့ လိုအပ်ပါတယ်။

Start / All Program / Accessories / System Tools / Disk Defragment

C: ဟာ Window တင်ထားတဲ့အပိုင်းဖြစ်ပြီး D: ကတော့ မိမိရဲ့ အချက်အလက်တွေကို သိမ်းထားတဲ့ အပိုင်းဖြစ်ပါတယ်။Defragment မပြုလုပ်မီ Defragment လုပ်ဖို့ လို / မလိုကို Analyze ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ Defragment ပြုလုပ်ရန်လိုအပ်ပါက "You should Defragment this volume" လို့ စာတမ်းပေါ်လာပါလိမ့်မယ်။ Defragment ကို တန်းနှိပ်ရင်လည်းရပါတယ်။ အနီရောင်နဲ့ပြထားတဲ့ ဖိုင်တွေကတော့ ပြန့်ကျဲနေသော ဖိုင်များဖြစ်ပြီး အပြာရောင်နဲ့ ပြထားတဲ့ဖိုင်တွေကတော့ တစ်ဆက်တည်းတည်ရှိနေတဲ့ဖိုင်တွေကို ပြောတာပါ။ အစိမ်းရောင်နဲ့ပြထားတဲ့ ဖိုင်တွေကတော့ ဖယ်ထုတ်လို့မရတဲ့ ဖိုင်တွေဖြစ်ပြီး အဖြူရောင်ကတော့ Harddisk ရဲ့ လွတ်နေတဲ့ နေရာကို ပြောတာပါ။ အဖြူရောင်များများရဖို့ လိုပါတယ်။ Defragment လုပ်နေစဉ်မှာ အခြားလုပ်ဆောင်ချက်များကို မလုပ်ဆောင်သင့်ပါဘူး။ သူတစ်ခုတည်းကိုပဲ ဖွင့်ထားသင့်ပါတယ်။ မီးပျက်သွားလို့လည်း မရပါဘူး။ Defragment လုပ်ငန်းပြီးမှ ကျန်တာတွေကို လုပ်ဆောင်ပါ။ (၃) ရက် တစ်ခါ (၄) ရက်တစ်ခါ Defragment ကို လုပ်သင့်ပါတယ်။ ဒီထက်ပိုလုပ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ Defragment များများလုပ်ရင် ကွန်ပျူတာက ပိုမို စွမ်းဆောင်ရည် ကောင်းလာမှာပါ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ...........................။
ဖေကြီးကျော်

Tuesday, August 19, 2008

Google Search

Google Search တွင် Internet Address အမြန်ရိုက်ထည့် ရှာနည်း နှင့်ကျွန်တော် သိသလောက် Myanmar Website များ နှင့် Blog လိပ်စာများ

Google Search တွင် မိမိရိုက်ထည့်လိုသော Address အပြည့်အစုံကို ရိုက်ထည့်စရာမလိုပေ။ လိုအပ်သော နေရာတွင်သာ ရိုက်ထည့်ရန် လိုအပ်ပြီး Ctrl+Enter ခေါက်လိုက်ပါက Address ဆီသို့ တန်းရောက်သွားနိုင်ပေသည်။ e.g www.healthymyanmar.com ဆိုသော နေရာတွင် healthymyanmar ကိုသာ ရိုက်ထည့်ပြီး Ctrl+Enter ခေါက်လိုက်ပါရုံပါပဲ။ သို့သော် .com များတွင်သာ ရပါသည်။

(1) www.healthymyanmar.com
(2) www.jivitahospital.org
(3) www.yadanapura.com
(4) www.myanmaritpros.com
(5) www.lexiconstar.com
(6) www.studymalaysia-myanmar.com
(7) www.khitlunge.net.mm
(8) www.myanmarscholarship.com
(9) www.apytz.com
(10) www.myanmarfamily.org
(11) www.myanmarengineer.org
(12) www.royal-myanmar.com
(13) www.myanmarinternetjournal.com
(14) www.all-channel.com
(15) www.rebeccawin.com
(16) www.shweamyutay.com
(17) www.shwedream.com
(18) www.planet.com.mm
(19) www.myanmargoal.com
(20) www.myanmartraining.com
(21) www.ieltsmyanmar.com
(22) www.mysteryzillion.com
(23) www.myanmar-image.com
(24) www.mmopenxteam.com
(25) www.mmopenlibrary.com
(26) http://ko-hitke.blogspot.com ( နိုင်ငံတစ်ကာ အကောင်းဆုံးစာရင်းဝင် )
(27) http://mynetclass.blogspot.com
(28) http://myanmaroa6.blogspot.com
(29) http://level2club.blogspot.com
(30) http://sakura-myanmar.blogspot.com

ကျွန်တော်အခုဖော်ပြပေးထားတဲ့ Website များထဲတွင် ကွန်ပျူတာကို စတင်လေ့လာနေသူများအတွက် အသုံးဝင်တဲ့ Website များပါရှိပါတယ်။ အသုံးဝင်နိုင်မယ့် အင်္ဂလိပ် Website များနဲ့ blog များကိုလည်း ဖော်ပြပေးပါအုံးမယ်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ ...........................။
ဖေကြီးကျော်

စုံစီနဖာ မှတ်စုများ (၁)

စုံစီနဖာ မှတ်စုများ (၁)

Program တစ်ခုကို စွမ်းရည်မြင့်တင်ခြင်း

မိမိသုံးနေတဲ့ Program ကို ပိုမိုမြန်ဆန်အောင်ပြုလုပ်ချင်ရင်တော့ အောက်ပါနည်းလမ်းလေးအတိုင်း လုပ်ဆောင်ကြည့်ပါ။ Task Manager ကို ခေါ်လိုက်ပါ။ shortcut ........ (Ctrl + Alt +Delete) ပြီးလျှင် Processes ကို ရွေးချယ်ပြီးနှိပ်ပါ။ ကိုယ်သုံးနေတာက Photoshop ဆိုရင် photoshop.exe ကို right click နှိပ်ပါ။ Set Priority ထဲက High ကို ရွေးချယ်ပေးလိုက်ပါ။ ပိုမိုမြန်ဆန်သွားတာကို တွေ့ရပါလိမ့်မယ်။

မလိုအပ်သော ဖိုင်များကို ဖျက်ခြင်း

Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် temp လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော Temp ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။ Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် %temp% လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော Temp ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။ Start / Run ( Win+R ) ပေါ်လာသော box ထဲတွင် prefetch လို့ရိုက်ပါ။ OK ပေးပါ။ ပေါ်လာသော prefetch ထဲမှ ရှိနေသော ဖိုင်များအားလုံးကို select မှတ်ပါ။ ပြီးလျှင် shift+delete ကျွေးပါ။

Window ကျသွားသော Harddisk ထဲမှ Data များ ပြန်လည်ရယူခြင်း

Window တက်မလာပဲ Mother ရဲ့ Speaker မှ “တီ“ လို့ အသံပေးမြည်ပြီး ( Mother မှာ Speaker မပါခဲ့လျှင် အသံမည်မှာ မဟုတ်ပါဘူး ) မှာ စာသားတွေ ဒါမှမဟုတ် ပုံတွေ ပေါ်နေခဲ့မယ်ဆိုလျှင် ကွန်ပျူတာရဲ့ Hardware ပိုင်းတွေ ကောင်းမွန်တယ်လို့ ယူဆနိုင်ပါတယ်။ C:\ အပိုင်းမှာ window တင်ထားပြီး မိမိအလုပ်လုပ်ထားတဲ့ ဖိုင်တွေဟာလည်း C:\ အပိုင်းမှာပဲ ရှိတယ်ဆိုရင် window ပြန်တင်လိုက်တာနဲ့ အလုပ်လုပ်ထားတဲ့ ဖိုင်တွေ အကုန်ပျက်ကုန်မှာ ဖြစ်ပါတယ်။ အဲဒီလိုမျိုးမဖြစ်ရအောင် Casing ဗုံးထဲမှ Harddisk ကိုဖြုတ်ပြီး အခြားကွန်ပျူတာတစ်ခုမှာ Secondary Drive အနေနဲ့ တပ်ရမှာ ဖြစ်ပါတယ်။ မိမိတပ်ဆင်မဲ့ ကွန်ပျူတာကို အရင်ဦးဆုံး shutdown လုပ်ထားပါ။ ပြီးရင် တပ်မဲ့ Harddisk ရဲ့ IDE ကြိုးပေါက်တွေဘေးမှာ jumper ချိုးထားတဲ့ pin လေးတွေပါပါတယ်။ jumper လေးကိုဖြုတ်ပစ်ပါ။ ပြီးရင် Harddisk Body မှာပါတဲ့အတိုင်း Slave မှာ ပြန်တပ်ပေးပါ။ (အချို့စက်တွေကျတော့ Slave မှာ ထားလည်းမရတတ်ပါဘူး။ အဲဒီလိုအခါမျိုးမှာ jumper တွေကို အကုန်ဖြုတ်ပစ်ရပါတယ်) ပြီးရင် ကိုယ်တပ်မဲ့ ကွန်ပျူတာရဲ့ IDE ကြိုးမှာ တပ်ပါ။ ကွန်ပျူတာကို power on လိုက်ပါ။ window ဟာ ကိုယ်တပ်လိုက်တဲ့ Harddisk ကို ပြသပေးထားပါတယ်။ (eg.Local F:, Local G:) ကိုယ်ကူးချင်ကို ဖွင့်ကူးလိုက်ရုံပါပဲ။ ဒီလောက်ဆိုရင်တော့ အဆင်ပြေသွားပြီလို့ ထင်ပါတယ်။

နာရီတွေကို ချွေတာပြီး Blog ရေးကြမယ်

( Access Kit ) နာရီနှင့်ဝယ်သုံးရသော ကျွန်တော်တို့အတွက် Blog ရေးမည်ဆိုလျှင် အချိန်များစွာ ကုန်နိုင်ပါတယ်။ Access Kit မှာ အချိန်တွေဟာ များစွာ စကားပြောပါတယ်။ Blog စာမျက်နှာတွင် ရေးသားမည်ဆိုလျှင် Internet Connection ကိုဖွင့်ထားပြီး ရေးရပါတယ်။ နာရီတွေကုန်တာပေါ့ဗျာ။ အခု ဒီနည်းလမ်းလေးကတော့ နာရီတွေကို ချွေတာတဲ့နည်းလမ်းလေးပေါ့။

အရင်ဦးဆုံး Notepad ကိုဖွင့်ပါ။ ( Start / All Program / Accessories / Notepad )/ မြန်မာလိုရိုက်ချင်ရင်တော့ Alpha ZawGyi Unicode ကို ကိုယ့်စက်မှာ အရင်ဆုံးတင်ထားရပါမယ်။ Start Menu Bar မှာ ရှိတဲ့ Keyboard ပုံလေးကို နှိပ်ပြီး Alpha ZawGyi Font ကိုပြောင်းပါ။ ဒါဆိုရင် မြန်မာလို ရိုက်လို့ရပါပြီ။ ( Keyboard ပုံလေးမပေါ်ခဲ့လျှင် Start Menu Bar ကို Right Click ထောက်ပြီး Toolbars ထဲက Language bar ကို အမှန်ခြစ်ပေးလိုက်ပါ )။ မိမိရေးချင်တဲ့ အကြောင်းအရာများကို ရေးပါ။ ပြီးရင်တော့ Save ဖို့လိုအပ်ပါတယ်။ Save တဲ့နေရာမှာ မိမိနှစ်သက်ရာ နာမည်ကိုပေးပါ။ Encoding ဆိုတဲ့နေရာမှာ Unicode ကို ပြောင်းပေးရပါမယ်။ ဒါက အရေးကြီးပါတယ်။ အဲဒါမှ နောက်တစ်ခါပြန်ဖွင့်ရင် မြန်မာလိုပေါ်နေမှာ ဖြစ်ပါတယ်။ ပြီးရင် ရေးထားတဲ့ စာတွေအားလုံးကို Copy ကူးပါ။ Internet Connection ကို ဖွင့်ပါ။ www.blogger.com ကိုသွားပါ။ ကျန်တဲ့ အဆင့်တွေကတော့ ပုံမှန်ပါပဲ။ new post ကိုနှိပ်ပြီး ပေါ်လာတဲ့ စာမျက်နှာမှာ Paste လုပ်လိုက်ပါ။ ပြီးရင် တင်ရိုးတင်စဉ်အတိုင်း တင်လိုက်ပါ။ ဒါဆိုရင် ( Access Kit ) မှာ အချိန်ကုန်အများကြီး သက်သာသွားပြီပေါ့ဗျာ။

UltraSurf ကို MozillaFirefox တွင် အသုံးချခြင်း

Internet Connection ထဲကို ၀င်ထားပါ။ UltraSurf ကို ဖွင့်ထားပါ။ ( အစိမ်းတန်းလေး သုံးခု ပြနေမှ အလုပ်လုပ်မှာ ဖြစ်ပါတယ် ) ပြီးရင် MozillaFirefox ကိုဖွင့်ပါ။ Tools ထဲမှ Options ကိုဝင်ပါ။ Advanced ----- Network ----- Setting ----- Manual Proxy Configuration ခေါင်းစဉ်အောက်က HTTP Proxy ကို 127.0.0.1 လို့ရိုက်ထည့်ပါ။ Port ကို 9666 လို့ ရိုက်ပါ။ ပြီးရင် OK ----- OK ပေးပါ။ MozillaFirefox ကို ပိတ်လိုက်ပါ။ ပြီးရင် MozillaFirefox ကို အစမှ ပြန်ဖွင့်ပါ။ ဒါဆိုရင်တော့ UltraSurf နဲ့ MozillaFirefox ကို သုံးလို့ရသွားပါပြီ။ (မှတ်ချက်။ ။ နောက် Internet Connection ပြန်တက်ရင် UltraSurf မဖွင့်ဘဲနဲ့ MozillaFirefox ပွင့်လာမှာ မဟုတ်ပါဘူး။ UltraSurf မသုံးပဲနဲ့ MozillaFirefox ကိုပြန်သုံးချင်ရင်တော့ Manual Proxy Configuration ကို အမှန်ခြစ်ဖြုတ်ပြီးတော့ Auto - detect proxy settings for this network ကိုအစက်ကလေးပြန်ချစ်ပြီး ရွေးပေးလိုက်ပါ )

Game သမားများအတွက် Speeder XP Software ကိုသုံးခြင်း

Speeder XP Software ဟာ ဂိမ်းတွေကို မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်တာကို တွေ့ရပါတယ်။ Game တွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ကစားချင်သူတွေအတွက် အသုံးဝင်ပါတယ်။ Speeder XP ရဲ့ Setting တွေကို လိုအပ်သလိုချိန်ညိနိုင်ပါတယ်။ နောက်ပြီး သူ့ရဲ့အားသာချက်က အင်မတန်ရိုးစင်းလွယ်ကူလှပါတယ်။ Speeder XP ရဲ့ Setting တွေကို မိမိစိတ်ကြိုက် ချိန်ညှိပြီးသွားရင်တော့ အနှုတ်ပုံစံလေးကို နှိပ်ပြီး ချုံ့ထားလိုက်ရုံပါပဲ။

Tuneup Utilities Software ကိုသုံးပြီး Boot Screen ကို ပြောင်းခြင်း

Tuneup Utilities Software ဟာ အသုံးဝင်လှတဲ့ Software တစ်ခုဖြစ်ပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ 1 click maintance ဆိုရင် မလိုအပ်တဲ့ဖိုင်တွေ လွဲမှားနေတဲ့ registry တွေကို ပြုပြင်ပေးပါတယ်။ Boot Screen ကိုပြောင်းမယ်ဆိုရင် Tuneup Styler ထဲကို ၀င်လိုက်ပါ။ change the window XP boot screen and create or download new boot screens ကို နှိပ်ပါ။ Add ကို နှိပ်ပါ။ Load boot screen from file ကိုရွေးပါ။ မိမိစက်ထဲမှ ကြိုက်နှစ်သက်ရာ ပုံကို open လုပ်ပါ။ ဘယ်ဘက်အခြမ်းမှာ ရှိတဲ့ Finish အောက်က save boot screen ကို နှိပ်လိုက်ရုံပါပဲ။ restart ချပြီး window ပြန်တက်ကြည့်ပါ။ မိမိရွေးချယ်ထားတဲ့ ပုံနဲ့ boot screen တက်လာတာကို တွေ့ရပါလိမ့်မယ်။

Window မတက်တော့တဲ့အခါ ပြုပြင်နိုင်မဲ့ အလွယ်ကူဆုံး နည်းလမ်း (၃) ချက်

Window မတက်တော့တဲ့အခါ ပြုပြင်နိုင်မဲ့ အလွယ်ကူဆုံး နည်းလမ်း (၃) ချက်

ကျွန်တော်အခုပြောမယ့်နည်းလမ်းကတော့ window တက်ပြီး log နေရာမှာတင် ဆက်မတက်တော့ပဲ ရပ်တန့်သွားရင် (သို့) restart ပြန်ပြီး ဖြစ်သွားရင် အသုံးပြုနိုင်တဲ့ နည်းလမ်းပါ။

(၁) Safe Mode ကို အသုံးပြုပြီး System Restore လုပ်ခြင်း။
ကွန်ပျူတာ Power ခလုတ်ကို နှိပ်ပြီးတာနဲ့ F8 ခလုတ်ကို ဆက်ကာဆက်ကာနှိပ်ပေးပါ။ start window normally အစရှိတဲ့ windows Advanced option screen ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ safe mode ကို up arrow key နှင့် ရွေးချယ်ပါ။ ပြီးလျှင် enter ခေါက်ပါ။ window ဟာ safe mode နဲ့ တက်သွားပြီး yes (or) no မေးပါလိမ့်မယ်။ System Restore လုပ်မယ်ဆိုရင် no ကို ရွေးပေးရပါ့မယ်။ ပြီးလျှင် Start / All program / Accessories / system tools / system restore ကိုရွေးပြီး ဖွင့်ပါ။ Restore my computer to an earlier time ကိုရွေးချယ်ပါ။ ပြီးလျှင် Next နဲ့ Next သွားပါ။ စက်က restart ပြန်ဖြစ်သွားပြီး အဆင်ပြသွားပါလိမ့်မယ်။

(၂) Last Known Good Configuration ကို သုံးခြင်း။
ကွန်ပျူတာ Power ခလုတ်ကို နှိပ်ပြီးတာနဲ့ F8 ခလုတ်ကို ဆက်ကာဆက်ကာနှိပ်ပေးပါ။ tart window normally အစရှိတဲ့ windows Advanced option screen ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ Last Known Good Configuration ကို up arrow key နှင့် ရွေးချယ်ပါ။ ပြီးလျှင် enter ခေါက်ပါ။ Last Known Good Configuration ရဲ့ သဘောတရားကတော့ စက်ရဲ့ နောက်ဆုံးလုပ်ခဲ့တဲ့ setting တွေကို backup လုပ်ပေးထားတာပါ။ သို့သော် ၄င်း function ကို (၁) ပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ (၁) ခါထက်ပိုလုပ်ရင်တော့ အောင်မြင်မှာ မဟုတ်ပါဘူး။ window ဟာ Last Known Good Configuration နဲ့ တက်သွားပြီး shutdown လုပ်နိုင်မှ နောက်တစ်ခါ ဒီ function ကို အသုံးပြုနိုင်မှာပါ။

(၃) Recovery Console ကို အသုံးပြုခြင်း။
အထက်ကပြောခဲ့တဲ့ အချက် (၂) ချက်နဲ့မှ window မတက်ရင် ဒီအဆင့်လေးကိုလုပ်ကြည့်ပါ။ Window XP CD ကို CD Rom ထဲထည့်ပြီး ပြန်restart လုပ်ပါ။ စက်စတက်တက်ချင်း delete ခလုတ်ကို နှိပ်ပါ။ ပေါ်လာတဲ့ BIOS ထဲက Boot From CD ကို ရွေးချယ်ပါ။ ( စက်တစ်လုံးနဲ့တစ်လုံး BIOS တူညီမှု ရှိမှာ မဟုတ်ပါ။) ဇယားအမည်းကွက်ကြီး ပေါ်လာပြီးတဲ့နောက်မှာ Start any key to boot from CD ဆိုတဲ့စာတန်းလေး ပေါ်လာမှာ ဖြစ်ပါတယ်။ ကြိုက်နှစ်သက်ရာ Key တစ်ခုခုကို နှိပ်ပေးလိုက်ပါ။ Window XP CD ကနေ boot တက်လာတဲ့အခါမှာ Recovery Console ထဲကို ၀င်ရောက်ဖို့အတွက် R ကို နှိပ်ပေးပါ။ မိမိပြုပြင်ချင်တဲ့ Operation System (eg. C:\ (or) D:\ ကို ရွေးချယ်ပါ။ အများအားဖြင့် Window ကို C:\ ထဲမှာပဲ တင်တတ်တဲ့အတွက် C:\ ကို ရွေးပြီး enter ခေါက်ပါ။ ၄င်းနောက် ညွှန်ကြားချက်မျာအတိုင်း လိုက်ပါလုပ်ဆောင်ပါက Window လုပ်ငန်းစဉ် အောင်မြင်စွာ ပြီးဆုံးပေလိမ့်မည်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ .......................................။
ဖေကြီးကျော်

Computer အလုပ်လုပ်နေရင်းမှ ရပ်တန့်သွားခြင်းကို စစ်ဆေးနိုင်ခြင်း

Computer အလုပ်လုပ်နေရင်းမှ ရပ်တန့်သွားခြင်းကို စစ်ဆေးနိုင်ခြင်း

(1) Memory
(2) Fan
(3) Antivirus

မိမိအသုံးပြုနေတဲ့ ကွန်ပျူတာရဲ့ Memory ဘယ်လောက်ရှိသလဲဆိုတာ အရင်သိထားဖို့ လိုအပ်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ Software တွေမှာ သူနဲ့ကိုက်ညီမယ့် System Require တွေပါရှိပါတယ်။ အဲဒါတွေကို သေသေချာချာ ဖတ်ရှုဖို့ လိုအပ်ပါတယ်။ Memory အရမ်းနိမ့်နေလို့ လုပ်ငန်းများများလုပ်တဲ့အခါမှာ ကွန်ပျူတာက အလုပ်ဆက်မလုပ်တော့ပဲ ရပ်တန့် ( Hand ) သွားတတ်ပါတယ်။ လုပ်ငန်းများများလုပ်မယ်ဆိုရင် Memory များများလိုအပ်ပါတယ်။ အဲဒါကြောင့် Memory လိုအပ်နေတယ်ဆိုရင် Memory ထပ်တိုးပေးသင့်ပါတယ်။

System Unit မှာပါဝင်တဲ့ အစိတ်အပိုင်းတွေမှာ သူနဲ့သက်ဆိုင်တဲ့ Fan (ပန်ကာ) တွေပါပါတယ်။ အဲဒီ Fan တွေလည်မလည် စစ်ဆေးရပါ့မယ်။ (eg. CPU Fan, Graphic Card Fan ) Fan တွေမလည်ဘူးဆိုရင် System Unit ပိုင်းမှာ Heat တက်ပြီး ကွန်ပျူတာက အလုပ်ဆက်မလုပ်ပဲ ရပ်တန့်သွားတတ်ပါတယ်။ နောက်တစ်ချက်က ကွန်ပျူတာကို အချိန်အကြာကြီး ဖွင့်ထားပြီး အလုပ်လုပ်တဲ့အခါမှာ Fan တွေကလည်း လည်နေရဲ့သားနဲ့ ကွန်ပျူတာက Hand သွားပြီး Restart ပြန်ပြန်ဖြစ်နေတယ်ဆိုရင်တော့ ကိုယ်ရဲ့ Power Supply ပေါ်မူတည်ပြီး Fan တွေ ထပ်တိုးဖို့ လိုအပ်ပါလိမ့်မယ်။

မိမိအသုံးပြုနေတဲ့ စက်ဟာ Internet ချိတ်ဆက်ထားတယ်ဆိုရင် Antivirus Software တွေနဲ့ ပုံမှန်ရှင်းလင်းပေးသင့်ပါတယ်။ Internet ချိတ်ဆက်မထားရင်တော့ Scan Disk လိုမျိုး Defragment လိုမျိုးကို (၂) ရက် တစ်ခါ၊ (၃) ရက်တစ်ခါ ပြုလုပ်သင့်ပါတယ်။ Antivirus Software တွေနဲ့ ပုံမှန်ရှင်းလင်းရေးလုပ်မပေးခဲ့ရင် စက်က အရမ်းလေးလာပြီး Antivirus Software က Virus ကိုမသိတော့ပဲ window ပြန်ချပြီး အသစ်ပြန်တင်ပေးရတတ်ပါတယ်။ မလိုလားအပ်တဲ့ ဆိုးကျိုးတွေပေါ့ဗျာ။

ကျွန်တော်အထက်ကပြောခဲ့တဲ့ အကြောင်းအရာတွေအတိုင်း မိမိရဲ့စက်ကို ဂရုစိုက်မယ်ဆိုရင် အလုပ်လုပ်ရတာလဲ အဆင်ပြေမယ်။ ကိုယ့်စက်ရဲ့ သက်တမ်းလည်း ပိုရှည်တာပေါ့ဗျာ။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေလို့ ...................။
ဖေကြီးကျော်

MALWARE အကြောင်းသိကောင်းစရာ

MALWARE အကြောင်းသိကောင်းစရာ

Malware ဆိုတာဟာ အသုံးပြုသူမသိရှိဘဲ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ဝင်ကာ အချက်အလက်တွေရယူဖို့
ဒါမှမဟုတ် ဖျက်ဆီးမှု ပြုလုပ်ဖို့အတွက် ရည်ရွယ်ရေးသားထားတဲ့ ဆော့ဝဲဒ်ကို ခေါ်ဆိုခြင်းဖြစ်ပါသည်။
Malware ဆိုတဲ့ စကားလုံးဟာ malicious နဲ့ software တို့ ကို ပေါင်းစပ်ခေါ်ဆိုထားတာဖြစ်ပြီး ကွန်ပျူတာစနစ်ကို Problemပေးတဲ့ ဒါမှမဟုတ် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ ဆော့ဝဲဒ်နဲ့ program code တွေကို ယေဘုယျ ခေါ်ဆိုသုံးနှုန်းခြင်းဖြစ်ပါတယ်။ software တစ်ခုဟာ Malware ဟုတ်မဟုတ် ၄င်းရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ရှုသတ်မှတ်ရတာမဟုတ်ပဲ program ရေးသားသူကနေ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသားလိုက်တယ်ဆိုတာကိုပဲ အဓိက အခြေခံသတ်မှတ်တာ ဖြစ်တယ်။ Malware လို့ဆိုရာတွင် ကွန်ပျူတာ ဗိုင်းရပ်တွေ၊ worm တွေ၊ trojan horse တွေ၊ root kit တွေ၊ spy ware တွေ မရိုးမသားရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့ Adware တွေအပြင် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ software တွေလည်း ပါဝင်ပါတယ်။ Malware တွေကို virus နဲ့ worm တို့လိုမျိုး ကွန်ပျူတာထဲ ကပ်ငြိမ်နေပြီး ပျံ့နှံ့ ကူးစက်တတ်တဲ့အမျိုးအစား trojan horse တွေ၊ root kit တွေ၊ Backdoor တွေ လိုမျိုး ကွန်ပျူတာစနစ်ထဲ ပုန်းအောင်းခိုကပ်တတ်တဲ့ အမျိုးအစား spyware , botnet, keystroke logger, dialer တို့လိုမျိုး ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ရေးသားထားတဲ့ အမျိုးအစား စသည်ဖြင့် ခွဲခြားထားနိုင်ပါတယ်။
Virus Programs တွေဟာ ကွန်ပျူတာအတွင်းရှိ exe ဖိုင်တွေထဲဝင်ရောက်ကပ်ညိပြီး run လိုက်တာနဲ့တပြိုင်နက် အခြား exe program တွေ ပျံ့နှံ့သွားတတ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် virus တွေမှာ ကွန်ပျူတာစနစ်ကို အနရာယ်ပြုနိုင်အောင် payload လို့ခေါ်တဲ့ လုပ်ဆောင်ချက်လည်း ပါရှိလာတတ်တဲ့ အကြောင်းသိရပါတယ်။ worm ဆိုတာကတော့ အသုံးပြုသူကနေ တစ်စုံတစ်ရာပြုလုပ်ပေးဖို့ မလိုအပ်ပဲ သူ့အလိုအလျောက် ပျံ့နှံ့တတ်တဲ့အပြင် virus တွေမှာလိုမျိုးပဲ payload ပါရှိတတ်တဲ့အကြောင်း သိရပါတယ်။ Internet ကွန်ရက်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မှီ ကာလတွေမှာ virus တွေဟာ floppy disk ကနေတစ်ဆင့် ပျံ့နှံ့ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ IBM PC နဲ့ MS DOS virus တွေ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အခုနောက်ပိုင်း worm တွေဟာ Linux နဲ့ Unix စနစ်တွေကို အဓိကတိုက်ခိုက်တာ မဟုတ်တော့ပဲ windows operating system အသုံးပြုကွန်ပျူတာတွေကို ရည်ရွယ်တိုက်ခိုက်လာကြတာဖြစ်ပါတယ်။
အခုနောက်ပိုင်း malware program တွေဟာ အသုံးပြုသူတွေကနေ ရှာဖွေဖျက်ခြင်းမျိုးကို မခံရနိုင်စေဖို့အတွက် ကွန်ပျူတာစနစ်ထဲ ပုန်းကွယ်ခိုအောင်းနေတတ်ကြပါတယ်။ ဒီလိုမျိုး အနရာယ်ပေးနိုင်တဲ့ program တွေကို ရိုးရိုး application software တွေပုံစံမျိုး ထင်မြင်ရအောင် trojan horse တွေကနေ လုပ်ဆောင်ပေးတတ်ကြပါတယ်။
dropper လို့ခေါ်တဲ့ trojan horse တွေဟာ worm တွေကို တခြားနေရာတွေဆီ ပျံ့နှံ့သွားအောင် ကူညီလုပ်ဆောင်ပေးတတ်ကြသလို မိမိခိုအောင်းကပ်ညိနေတဲ့ ကွန်ပျူတာအတွင်း အခြားအနရာယ်ပေးနိုင်တဲ့ program တွေကိုလည်း install ပြုလုပ်တတ်ကြတာကိုတွေ့ရပါတယ်။ root kit တွေကတော့ ၄င်းတို့ဝင်ရောက်နေတဲ့ operating system ကို အပြောင်းအလဲပြုလုပ်ကာ Malware တွေကို မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားခြင်း၊ ကွန်ပျူတာရဲ့ Process list အတွင်း အနရာယ်ပေးနိုင်တဲ့ Process တွေကို မမြင်ရအောင် ဖုံးကွယ်ပေးထားခြင်းနှင့် ဖိုင်တွေကို ဖတ်ရှုလို့မရနိုင်အောင် ပြုလုပ်ပေးခြင်းတို့ကို လုပ်ဆောင်ကြပါတယ်။ Root Kit ဆိုတဲ့စကားလုံးကတော့ hacker တွေကနေ Unix ကွန်ပျူတာစနစ်ထဲကို administrator (root) access ရယူနိုင်အောင် အသုံးပြုတဲ့ tool တွေကို ခေါ်ဆိုရာကနေ အသုံးတွင်ကျယ်လာတာဖြစ်ပါတယ်။ Backdoor ဆိုတာကတော့ ပုံမှန်စစ်ဆေးမှုလုပ်ငန်းတွေကို ကျော်လွှားသွားနိုင်အောင် အသုံးပြုတဲ့ နည်းစနစ်ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ တိုက်ခိုက်သူတွေအနေနဲ့ ကွန်ပျူတာကို တစ်နည်းနည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့ပါက နောက်ပိုင်းမှာ အလိုရှိရာကို ခိုင်းစေနိုင်တော့မှာ ဖြစ်ပါတယ်။ spyware program တွေဟာ အသုံးပြုသူဆီကနေ အချက်အလက်တွေရယူခြင်း၊ pop-up ကြော်ငြာတွေဖော်ပြခြင်းနှင့် web browser ရဲ့လုပ်ဆောင်ချက်ကို ပြောင်းလဲပစ်ပြီး ရေးသားသူအတွက်ငွေကြေးအကျိုးအမြတ်ရရှိအောင်လုပ်ဆောင်ခြင်းတို့ ပြုတတ်ပါတယ်။ Spammer virus တွေဟာ e-mail ကနေတစ်ဆင့် ပျံ့နှံ့ပြီး ကပ်ညိဝင်ရောက်သွားတဲ့ ကွန်ပျူတာတွေထဲကနေ ဆင့်ကဲဆင့်ကဲ spam message တွေကို ပေးပို့သွားတာ ဖြစ်ပါတယ်။ malware ကပ်ညိနေတဲ့ ကွန်ပျူတာတွေကို botnet ခေါ်တဲ့စနစ်ဖြင့် ဖန်တီးကာ တိုက်ခိုက်မှုတွေကို တပြိုင်နက်လုပ်ဆောင်တတ်ကြပါသေးတယ်။ Key logger တွေကတော့ အကြေးဝယ်ကဒ်နံပါတ် ဒါမှမဟုတ် အခြားအချက်အလက်တွေ ရိုက်ထည့်တဲ့အခါ Keyboard ထဲကနေ ဘယ်စာလုံးအသုံးပြုတယ်ဆိုတာကို မှတ်သားပြီး Hacker တွေဆီကို ပေးပို့တဲ့ Program ဖြစ်ပါတယ်။ Dialer ဒါမှမဟုတ် porn dialer program တွေကတော့ PC ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ modem တွေကို ထိန်းချုပ်ကာ သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်တွေကို ခေါ်ဆိုစေပြီး ဖုန်းပြောခ အများအပြားကျသင့်အောင် လုပ်ဆောင်တတ်ကြပါတယ်။
Malware အပြင် Grayware (Greyware လို့လည်း စလုံးပေါင်းတတ်ကြပါတယ် ) ဆိုတဲ့စကားလုံးကိုလည်း spyware,adware,dialer,joke program, remote access tool နဲ့ တခြားကွန်ပျူတာရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင် လုပ်ဆောင်ပေးတဲ့ program တွေအတွက် ခေါ်ဝေါ်သုံးနှုန်းတတ်ကြပါတယ်။
ကောက်နှုတ်ချက် - ( Internet Journal )

အကြုံပြုချက်
Malware တွေ ၊ Virus တွေအကြောင်းကို သိရှိသွားပြီဆိုတော့ သူတို့ကို သတ်နိုင်တဲ့၊ ကိုယ့်ကွန်ပျူတာအတွင်း Malware တွေ ၊ Virus တွေဝင်ရောက်ခြင်းမှ ကာကွယ်နိုင်ဖို့အတွက် AntiVirus Software တွေ တင်ထားဖို့ လိုအပ်လိမ့်မယ်။ AntiVirus Software တွေတင်တဲ့အခါမှာ တစ်ခုတည်းမသုံးပဲ အများကြီး သုံးတဲ့အခါ software တွေက အချင်းချင်းညိပြီး Crash ဖြစ်တတ်ပါတယ်။ Crash ဖြစ်ရင် ကွန်ပျူတာက သိသိသာသာကြီး လေးသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ အလုပ်ဆက်မလုပ်ပဲ Hand သွားတတ်ပါတယ်။ ဥပမာ ကိုယ့်စက်မှာ Kaspersky နဲ့ AVG တင်မယ်ဆိုပါစို့။ AVG ကိုအရင်တင်ပြီး Kaspersky ကို နောက်မှ တင်မယ်ဆိုရင် Crack ဖြစ်ပါတယ်။ Kaspersky ကို အရင်တင်ပြီး AVG ကို နောက်မှ တင်ရပါ့မယ်။ ဒါမျိုးလေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ်သုံးတဲ့ AntiVirus Software က အမြဲ upgrade ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။ ဒါမှ အကျိုးသက်ရောက်မှု ပိုရှိမှာပါ။ Spyware Remover နဲ့ Malware Remover တွေကိုလည်း တင်ထားဖို့ လိုအပ်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။ လူသုံးအများဆုံးနဲ့ အကောင်းဆုံး AntiVirus Software တွေကို ဖော်ပြပေးလိုက်ပါတယ်။
(1) Kaspersky
(2) AVG
(3) NOD 32
(4) Bitdefender
(5) Norton Antivirus
(6) McAfee Antivirus
ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေ .............................။
ဖေကြီးကျော်

Monday, August 18, 2008

ကွန်ပျူတာ Hardware ပိုင်းဆိုင်ရာ သိထားသင့်သော အချက်အများ

ကွန်ပျူတာ Hardware ပိုင်းဆိုင်ရာ သိထားသင့်သော အချက်အများ

Computer ( ကွန်ပျူတာ )

ကွန်ပျူတာဆိုတာ အချက်အလက်တွေကို သတင်း (သို့) အဖြေအဖြစ်သို့ တွက်ချက်လုပ်ဆောင်ပေးနိုင်တဲ့ စက်ဖြစ်ပါတယ်။ နောက်ပြီး ညွှန်ကြားချက်များကို တိတိကျကျ၊ လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် လုပ်ဆောင်ပေးနိုင်တဲ့ အီလက်ထရောနစ်နှင့် စက်မှုဆိုင်ရာ စက်ပစည်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။

Data -------------- Processing ---------------- Information


ကွန်ပျူတာကို အဓိကအားဖြင့် ( 2 ) ပိုင်း ခွဲခြားနိုင်ပါတယ်။

COMPUTER
Hardware Software

Hardware ဆိုသည်မှာ အမာပိုင်းကို ခေါ်ဆိုသည်။ လက်နဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့ အပိုင်းမှန်သမျှကို အမာပိုင်းလို့ ခေါ်ဆိုနိုင်ပါတယ်။

Hardware တွင်ပါဝင်သော အပိုင်းများ
- Harddisk
- Floopy disk
- Monitor
- Memory
- etc.

Software ဆိုသည်မှာ အပျော့ပိုင်းကို ခေါ်ဆိုသည်။ လက်နဲ့ ထိတွေ့ကိုင်တွယ်လို့ မရဘဲ မျက်စိနဲ့ မြင်နေရတဲ့ အပိုင်းမှန်သမျှကို အပျော့ပိုင်းလို့ ခေါ်ဆိုနိုင်ပါတယ်။

Software တွင်ပါဝင်သော အပိုင်းများ
- System Software
- Application Software (Adobe pagemaker, Adobe Photoshop , etc. )

* Firmware ဆိုသည်မှာ Hardware နဲ့ Software ပေါင်းစပ်ပါဝင်သော ပစည်းကို ခေါ်ဆိုပါတယ်။ *
eg. ROMBIOS


ကွန်ပျူတာအမျိုးအစားများ
(1) Super Computer
(2) Mainframe Computer
(3) Mini Computer
(4) Micro Computer ( Personal Computer PC )

Super Computer ဆိုသည်မှာ အလွန်မြင့်မားသော စွမ်းဆောင်နိုင်မှု ရှိပြီး ရာသီဥတုခန့်မှန်းခြင်း၊ ဆေးသုတေသန ပြုလုပ်ခြင်း စတဲ့ လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
Mainframe Computer ဆိုသည်မှာ အရွယ်အစား အလွန်ကြီးမားတဲ့ ကွန်ပျူတာ အမျိုးအစားများဖြစ်ကြပြီး ဘဏ်များ၊ လေကြောင်းလိုင်းများ၊ အာမခံလုပ်ငန်းများ စသည်တို့မှာ အသုံးပြုပါတယ်။ Super Computer ထက် စွမ်းဆောင်နိုင်မှုမှာ နည်းပါးပါတယ်။
Mini Computer ကို ကွန်ပျူတာဖြင့် တွက်ချက်ခြင်းလုပ်ငန်းနယ်ပယ်အသီးသီးမှာ သုံးပါတယ်။ Mainframe Computer ထက် စွမ်းဆောင်နိုင်မှုမှာ နည်းပါးပါတယ်။
Micro Computer ( Personal Computer PC ) ကို အိမ်များ၊ ကျောင်းများ၊ ရုံးများနဲ့ စီးပွါးရေးလုပ်ငန်းများမှာ သုံးပါတယ်။ Personal Computer များအား အရွယ်အစားပေါ်မူတည်ပြီး အောက်ပါအတိုင်းခွဲခြားနိုင်ပါတယ်။
(1) Desktop
(2) Laptops
(3) Notebooks

ကွန်ပျူတာတစ်လုံး၏ အဓိကပါဝင်သော အစိတ်အပိုင်းများ
(1) System Unit
(2) Monitor
(3) Keyboard
(4) Mouse
(5) Printer
(6) Speaker (or) Headphone
(7) UPS ( Uninterruptible Power Supply )
လုပ်ငန်းနှင့် စပ်ဆပ်ပြီး ထပ်တိုးချင်ရင်တော့
Scanner ( ပုံဖမ်းစက် ) ကို ထပ်ထည့်နိုင်ပါတယ်။

System Unit
(1) PSU ( Power Supply Unit ) ( AT/ATX )
(2) FDD ( Floopy Disk Drive )
(3) HDD ( Hard Disk Drive )
(4) CD Drive ( Compact Disk Drive ) ( IDE / SCSI )
(5) Mother Board ( AT/ATX )
(6) Interface Card / Controller card
(7) Sound Card (ISA (8/16 Bit ) / PCI (32/64 Bit )
(8) VGA Card (ISA (8/16 Bit ) / PCI (32/64 Bit )
(9) Fax Modem Card
(10) Main Memory
(11) Cache Memory
(12) CPU
(13) ROM BIOS
(14) Backup Battery
(15) Others

မည်သည့် ကွန်ပျူတာမဆို Mother Board သည် အရေးကြီးဆုံး အပိုင်းဖြစ်သည်။ Mother Board တစ်ခုကို ရွေးချယ်ရာတွင် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
(1) Processor အမျိုးအစား
(2) Processor Socket / slot အမျိုးအစား
(3) Mother Board Speed
(4) Cache Memory ပါဝင်မှု
(5) BIOS အမျိုးအစား
(6) Form Factor
(7) Interface များပါဝင်မှု
(8) Plug and Play စွမ်းဆောင်နိုင်မှု
(9) Power Management ပြုလုပ်နိုင်မှု
(10) Mother Board Chip Set
(11) Documentation / Manual Book စသည်တို့ပဲ ဖြစ်ပါတယ်။

Bus
Mother Board အတွင်း Hardware Devices အချင်းချင်း အလုပ်လုပ်ရမှာ Bus ဟုခေါ်သော Wire ကြိုးအစုအဝေးများဖြင့် အပြန်အလှန် ဆက်သွယ်အလုပ်လုပ်တာကို ခေါ်ပါတယ်။ Personal Computer (PC) တစ်လုံးတွင် အောက်ပါ Bus အမျိုးအစားများ ပါဝင်ပါတယ်။
(1) Processor Bus
(2) Address Bus
(3) Memory Bus
(4) I/O Bus

I/O Cards များ
(1) Sound Card
(2) Video Card
(3) Network Interface Card (NIC)
(4) SCSI ( Small Computer System Interfae )...............etc.

ကွန်ပျူတာတစ်လုံးအနေဖြင့် စွမ်းဆောင်ရည်မြင့်မားပြီး အလုပ်တစ်ခုကို မြန်မြန်ဆန်ဆန် လုပ်ကိုင်နိုင်ရန် အတွက် I/O Bus များ၏ Speed မြန်ဆန်ရန် လိုအပ်ပါသည်။ အခြား Devices များနှင့် CPU ( Central Processing Unit ) အပြန်အလှန် ဆက်သွယ်ဆောင်ရွက်နိုင်ရန် I/O Bus (သို့) Expension Slots များက ဆောင်ရွက်ပေးပါသည်။

Processor .................. Computer တစ်လုံး၏ Model ကို အဆုံးအဖြတ်ပေးသော အဓိကအရာမှာCPU ဖြစ်သည်။ CPU ဆိုသည်မှာ ဗဟိုထိန်းချုပ်မှု စနစ်တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်လုံး၏ ဦးနှောက်ဟုလည်း ခေါ်ဆိုနိုင်သည်။Processor များ၏ အမြန်နှုန်းသည် Mother Board ၏ အမြန်နှုန်းနှင့် မတူညီနိုင်ပါ။ Processor ၏ အမြန်နှုန်းကို CPU Speed (သို့) CPU Internal Speed ဟုခေါ်နိုင်ပြီး၊ Mother Board ၏ အမြန်နှုန်းကို Mother Board Speed (သို့) CPU External Speed (သို့) FSB Speed ဟု ခေါ်သည်။

Memory ..................... Personal Computer (PC) တစ်လုံး၏ တွက်ချက်မှုများ၊
Process များလုပ်ဆောင်ရာတွင် CPU မှ ဖြေရှင်းဆောင်ရွက်ခြင်း မပြုမှီ (သို့) ဖြေရှင်းဆောင်ရွက်ခြင်းပြုပြီးရာတွင်လည်းကောင်း အချက်အလက်များအား Memory တွင် သိမ်းဆည်းထားရန် လိုအပ်ပါသည်။ Memory တပ်ဆင်ရာတွင် Memory Card များသည် Speed နှင့် Capacity များ ( eg. ကိုယ့်စက်မှာ Memory 256 DDR တပ်ထားတယ်ဆိုရင် နောက်တစ်ချောင်း ထပ်စိုက်မယ်ဆိုရင်လည်း 256 DDR ပဲ ဖြစ်ရပါမယ်) တူညီရန်လိုအပ်သည့်အပြင် FPM , EDO , SDRAM , DDRRAM , RDRAM စသည်တို့လည်း တူညီရန် လိုအပ်ပေသည်။

Monitor ( မော်နီတာ )
Monitor တွင် CRT Monitor နှင့် LCD Monitor ဟူပြီး (၂) မျိုးရှိသည်။
CRT ................. Cathode Ray Tube ကို အသုံးပြုသည်။
LCD ................. Liquid Crystal Display ကို အသုံးပြုသည်။
VGA ( Video Graphic Array ) Monitor ကို အသုံးများသည်။ VGA ( Video Graphic Array ) Monitor ၏ ခေါင်းသည် 15 pin ပါရှိသည်။

Keyboard
Keyboard တွင် XT Keyboard , AT Keyboard ( 101 Keys, 104 Keys, Windows'95 Keyboard, Windows' 98 Keyboard ဟူပြီး Keyboard အမျိုးအစားကို တွေ့ရှိနိုင်ပါတယ်။

Mouse
Mouse (3) မျိုးရှိသည်။ Serial Mouse, Bus Mouse, Inport Mouse တို့ဖြစ်ကြပါတယ်၊ ယခင်ကာလများက Serial Mouse ကိုအသုံးပြီးကြပြီး ယခုကာလများတွင် PS2 Mouse များကို အသုံးပြုလာကြသည်။ USB Mouse, Optical Mouse, Wireless Mouse တို့ဖြစ်ကြသည်။

UPS ( Uninterrupitible Power Supply )
UPS ကို အဓိကအားဖြင့် (၃) မျိုးခွဲခြားနိုင်သည်။
(1) off-line
(2) Line-interactive
(3) Double conversion ( on-line )
off-line ဆိုတာက ပြင်ပမှ လျှပ်စစ်ဓါတ်အားနဲ့ အလုပ်လုပ်နေစဉ်မှာ အလုပ်မလုပ်ပဲ လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားမှသာ အလုပ်လုပ်မှာ ဖြစ်ပါတယ်။ on-line ဆိုတာက ပြင်ပမှ လျှပ်စစ်ဓါတ်အားနဲ့ အလုပ်လုပ်နေစဉ်မှာ UPS ထဲမှ Battery ထဲသို့ အားပြန်သွင်းပေးနေပြီး လျှပ်စစ်ဓါတ်အား ပြတ်တောက်သွားရင်လည်း အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ကို လျှပ်စစ်စွမ်းအင်ပြတ်တောက်မှု မရှိတဲ့အပြင် အခြားလျှပ်စစ်ဆိုင်ရာ ပြသနာများကိုပါ ဖြေရှင်းပေးနိုင်တဲ့အတွက် power conditioner (or) line conditioner လို့လည်း ခေါ်ကြပါတယ်။

Printer
Printer ဆိုသည်မှာ Data များ၊ ရုပ်ပုံများကို စာရွက်ပေါ်သို့ ထုတ်ပေးသော စက်ဖြစ်သည်။ Printer များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားနိုင်ပါတယ်။
(1) Impact Printer
(2) Non impact Printer

Impact Printer
(1) Daisywheel Printer
(2) Dot-matrix Printer
Impact Printer များသည် Hammer (or) Small Pin များဖြင့် ရိုက်နှိပ်သော Printer အမျိုးအစားဖြစ်သည်။

Non impact Printer
(1) Laser Jet Printer (roller ကို အသုံးပြုပြီး ပုံဖော် )
(2) Ink Jet Printer (Nozzle ကို အသုံးပြုပြီး ပုံဖော် )
(3) Thermal Printer (Special Paper ကို အသုံးပြုပြီး ပုံဖော် )

ဒီလောက်ဆိုရင် ကွန်ပျူတာ Hardware ပိုင်းရဲ့ အခြေခံအဆင့်လောက်တော့ သိရှိသွားပြီလို့ ထင်ပါတယ်။ ကွန်ပျူတာ ဗဟုသုတများ တိုးပွါးကြပါစေလို့ .....................................။
ဖေကြီးကျော်